Hope invites | Tsutomu Uematsu | TEDxSapporo



Translator: Ei Kay Thwe Khine
Reviewer: Myo Aung (လက်ခုပ်သံများ) ဟုတ်ကဲ့ အားလုံးပဲ မင်္ဂလာပါ။ (မင်္ဂလာပါ။) ခုမှပဲ စိတ်လှုပ်ရှားနေတာ ပြေသွားတော့တယ်။ ကျွန်တော်ပြောပြချင်တဲ့ အကြောင်းအရာက “မျှော်လင့်ချက်က ဖိတ်ကြားနေတယ်”
ဖြစ်ပါတယ်။ ကျွန်တော် အလယ်တန်းကျောင်းတုန်းက
ကျွန်တော့်အမေ ပြောခဲ့တဲ့စကားပါ။ “ကိုယ်မျှော်လင့်ရင် တကယ်ဖြစ်လာမယ်“
အဓိပ္ပါယ်ပါ မျှော်လင့်ချက်ကို မဆုံးရှုံးမိရန်
အရေးကြီးပါတယ်။ ဒီဟောပြောချက်ဖြင့် မိတ်ဆွေ
ဖြစ်လာကြမယ်ဆိုရင် သိပ်ကောင်းမှာပါ့။ ကျွန်တော်တို့ မိတ်ဆွေတွေ ဖြစ်လာမယ်လို့
မျှော်လင့်ပါတယ်။ လွန်ခဲ့တဲ့ ၄၇ နှစ်တုန်းက
ကျွန်တော့်ကို မွေးဖွားခဲ့ပါတယ်။ ကျွန်တော့် နာမည်က Uematsu Tsutomu ပါ။ ကျွန်တော်ဟာ ဟော့ကိုင်းဒိုး အလယ်ပိုင်းရှိ
အာကဘိရ မြို့မှာ ကျွန်တော့ တစ်သက်တာမှာ ပထမဦးဆုံး
ကုမ္ပဏီကို လုပ်ကိုင်နေပါတယ်။ ကျွန်တော်တို့ဟာ စွန့်ပစ်ပစ္စည်း
ပြန်ပြီးသုံးရန် လျှပ်စစ်သံလိုက်တွေကို ထုတ်လုပ်ကြပါတယ်။ အာကာသ ဒုံးပျံများကိုလည်း ထုတ်လုပ်နိုင်တယ်။ ကျွန်တော်တို့ဟာ ဒုံးပျံများကို
အပြည့်အစုံ ဆောက်လုပ်လျက် ဂြိုလ်တုတွေကို ဖန်တီးပြီး အာကာသသို့ လွှတ်တင်နိုင်တဲ့
ကျွမ်းကျင်မှုတွေ ရှိပါတယ်။ ကျွန်တော်တို့ဆီမှာ ရှိတဲ့ စမ်းသပ်ရေး
ကိရိယာ ဆိုရင် တကမ္ဘာလုံးမှာ လေးလုံးသာ ရှိတဲ့အထဲက
ဂျပန်နိုင်ငံထဲက တစ်လုံးပါ။ ၎င်းဟာ ကမ္ဘာ့ဆွဲငင်အားကို သုညဖြစ်အောင်
လုပ်နိုင်ရာ အာကာသထဲက အတိုင်းပါပဲ။ အဲဒါကို ဘယ်မှာမှ ဝယ်မရနိုင်ခဲ့လို့
ကိုယ့်ဘာသာ တီထွင်ခဲ့ကြရပါတယ်။ ဒါပေမဲ့ အာကာသ အင်ဂျင်နီယာ လုပ်ငန်းဟာ
ကျွန်တော့ စိတ်ကူးမဟုတ်ခဲ့ပါဘူး။ ဒါတွေက ကျွန်တော့်အတွက် စိတ်ကူး
အကောင်အထည်ဖော်ရေး နည်းလမ်းတွေပါ။ လွန်ခဲ့တဲ့ ၄၇ နှစ်တုန်းက
ကျွန်တော့်ကို မွေးခဲ့ပါတယ်။ ငယ်ငယ်တုန်းက အဖွားက ကျွန်တော့်ကို
အဖိုးတန် စကားကို ပြောခဲ့ပါတယ်။ ဟော့ကိုင်းဒိုးမြောက်ပိုင်းရှိ
ဆာခါလင် ကျွန်းမှာ အဖွားဟာ ကားကုမ္ပဏီ တစ်ခုထောင်ထားပြီး ကြိုးစားလုပ်ခဲပြီး အတော်ကြာလာတော့
ငွေစုဆောင်းမိခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၄၅ ခုနှစ်မှာ ဆိုဗီယက်တပ်တွေ
ရုတ်တရက် ဆာခါလင်ကို တိုက်ခဲ့ကြတယ်။ လူအတော်များများ အသတ်ခံလိုက်ကြရတယ်။ အဖွားရဲ့ စုငွေတွေဟာလည်း စက္ကူစုတ်အဖြစ်ကို ရောက်သွားတာကို
အဖွားက နားလည်လိုက်တယ်။ ဒါကြောင့် အဖွားက ငယ်သေးတဲ့
ကျွန်တော့် ပြောခဲ့တာက၊ “ငွေဆိုတာ အဓိပ္ပါယ်မရှိဘူး၊
တန်ဘိုးပြောင်းနိုင်တယ်။ ငွေရှိရင် မစုဘဲနဲ့ စာအုပ်တွေကို ဝယ်။ ကိုယ်ဖတ်ရသမျှကို မှတ်ထား။ အဲဒါကို ဘယ်သူကမှ မင်းထံမှ မယူနိုင်ဘူး။ ဒါက အသစ်တစ်ခု ဖြစ်ပေါ်လာမှာပါ။”
ဆိုပြီး သင်ခဲ့တယ်။ အဲဒီလိုနည်းနဲ့ ကျွန်တော်ဟာ
စာဖတ် ဝါသနာကြီးသူ ဖြစ်လာတယ်။ ကျွန်တော့ဆီမှာ သိပ်ချစ်တဲ့
အဖိုးလည်း ရှိခဲ့ပါတယ်။ ထောင်ထောင်မောင်းမောင်းနဲ့
ကြင်နာတတ်တဲ့အဖိုးပါ။ ကျွန်တော်နဲ့အဖိုးရဲ့ အမှတ်ရဆုံး
ဖြစ်ရပ်ကတော့ အပိုလို အာကာသယာဉ် လပေါ် ဆင်းတာကို သူနဲ့အတူတူ တီဗွီကြည့်ခဲ့ရခြင်းပါပဲ။ မကြုံစဖူး ပုံစံမျိုးနဲ့
အဖိုးပျော်ရွှင်နေတာ မှတ်မိတယ်။ “ကြည့်စမ်း…ကြည့်စမ်းမြေး။ “ကြည့်စမ်း…ကြည့်စမ်းမြေး။ လူတွေ လပေါ်ကို ရောက်ပြီကွ။ မင်းလည်း အဲဒါကို လုပ်နိုင်တာပေါ့” ဆိုပြီး သိပ်ကို ပျော်နေခဲ့ပါတယ်။ သူအဲ့လောက် ပျော်တာကို
တစ်ခါမှ မတွေ့ဖူးခဲ့တော့ သူ ပြုံးနေတာကို ထပ်ပြီး
တွေ့ချင်မိခဲ့ပါတယ်။ အဲဒါနဲ့ ကျွန်တော် စာအုပ်ဆိုင်ကို သွားတိုင်းမှာ လေယာဉ်၊ ဒုံးပျံအကြောင်း
စာအုပ်တွေကို ယူလာတတ်တယ်။ အဲ့လိုအချိန်မှာ အဖိုးက ကျွန်တော့်ခေါင်းကို
အသာပွတ်ပေးပြီး ချီးမွမ်းတော့တယ်။ အဖိုးပျော်တာကို တွေ့ချင်တာနဲ့ပဲ
ကျွန်တော်ဟာ လေယာဉ်နဲ့ ဒုံးပျံတွေကို တက်မောင်းမယ်လို့
ထင်မိ ပါတယ်။ အဲ့ဒီနောက်မှာ စာအုပ်ကောင်းတွေ
အမျိုးမျိုးကို ဖတ်ခဲ့ရပါတယ်။ အလယ်တန်းရောက်တော့
ကျွန်တော့် စိတ်ကူးအိပ်မက်က လေယာဉ်ပျံ၊ ဒုံးပျံနဲ့ဆိုင်တဲ့အလုပ်ကို
လုပ်မယ်ဆိုတာပါ။ ကိုယ့်စိတ်ကူးနဲ့ ကြိုးပမ်း လေ့လာခဲ့ပါတယ်။ ဒါပေမဲ့ ဆရာက ကျွန်တော့ကို ပြောခဲ့တာက၊ “ဒီလို စိတ်ကူးယဉ်တွေ မပြောနဲ့၊
စာမေးပွဲဖြေနိုင်ဖို့ စာကျက်စမ်းပါ” ကျွန်တော်က လေယာဉ်၊ ဒုံးပျံအကြောင်းကို စိတ်ဝင်တစား လေ့လာခဲ့ပေမဲ့ ကျောင်းစာကို ပစ်ထားခဲ့ပြီး
ဘာမှ မလုပ်ခဲ့တာ အမှန်ပါပဲ။ ဆရာက ထပ်ပြောပါသေးတယ်၊ “အာကာသနဲ့ ဆိုင်တာမျိုးကို စတင်ရန် ကိုယ်က သိပ်ကို တော်ရန် လိုတဲ့အပြင်
အကုန်အကျ များတယ်။ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စမျိုးပဲ။ မင်း လုပ်လို့ မရနိုင်ပါဘူး။” ပြောပါတယ်။ ကျွန်တော် တော်တော့်ကို
ဝမ်းနည်းသွားတယ်။ အဲဒီ့နောက် ကိုယ့်ကိုကို မေးမိတယ်။ “အိပ်မက် ဆိုတာ ဘာပါလိမ့်။” ကိုယ်လုပ်နိုင်တာကိုပဲ ကျွန်တော်တို့
အိပ်မက်ရမှာလား။ ဒါပေမဲ့ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာကို
အဆုံးအဖြတ် အဆုံးအဖြတ်ပေးနိုင်လဲ ဆိုပြီးတွေးမိတယ်။ စမ်းမကြည့်ဘဲ ဘယ်သူမှာ မသိနိုင်တဲ့ကိစ္စကို မလုပ်ဖူးသေးတဲ့ လူတွေက အဆုံးအဖြတ်ပေးတာ
ထူးဆန်း မနေပေဘူးလား။ အခု ကိုယ်မလုပ်နိုင်တာကို
စိတ်ကူးအနေနဲ့ လိုက်စားသင့်လား။ လိုက်စားသင့်တယ်လို့
ကျွန်တော် ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ သူတို့က သဘောတူကြပုံ မရဘူး။ လူကြီးတွေကို ကျွန်တော် ကြောက်လန့်မိပါတယ်။ “သိပ်မကြိုးစားဘူးဆိုရင်၊ ကျောင်း
ကောင်းကို ဝင်နိုင်မှာ မဟုတ်ဘဲ အလုပ်ကောင်း ရမှာ မဟုတ်ဘူး။
မင်းတော်တော့ကို ခက်မယ်။” ဆိုတာမျိုး။ ကျွန်တော် ကျောင်းမှာ အမှတ်မကောင်းခဲ့ပါဘူး။ ဒီတော့ ကျွန်တော် စိတ်ပူပြီးမေးခဲ့ပါတယ်။ “အလုပ်လုပ်ဖို့ ကောင်းတဲ့
ကုမ္ပဏီဆိုတာ ဘယ်လိုဟာလဲ။” ဒီတော့ လူကြီးတွေက ပြန်ဖြေပါတယ်။ စိတ်ချရပြီး သက်သက်သာသာနဲ့ လုပ်ကိုင်ရင်း
ငွေရှာရနိုင်တဲ့ကုမ္ပဏီ မျိုးပေါ့တဲ့။ ကျွန်တော် နားမလည်နိုင်ခဲ့ပါဘူး။ ကိုယ်က လေ့လာလေလေ ကိုယ့်စွမ်းရည်ဟာ
မြင့်တက်လာလေ ဖြစ်တယ်။ ဒါပေမဲ့၊ ကျွန်တော် လေ့လာဖို့ လိုတာက
စွမ်းရည်ကို ပြန်သုံးရန်အတွက် မဟုတ်ဘဲ သက်သက်သာသာ အလုပ်လုပ်ကိုင်ရန်
အတွက် ဖြစ်နေတယ်။ ဒါနဲ့ စဉ်းစားမိတာက၊
“ကျွန်တော် စာကို သင်ဖို့ လိုသလား။” ဒါပေမဲ့ ကိုယ့်မှာ ငွေရှိရင်
ကောင်းတဲ့ အရာတွေ ရယူနိုင်မယ်။ ဥပမာ ဆိုပါစို့… (ရယ်မောသံများ) ကား အကောင်းစားကြီး။ (လက်ခုပ်သံများ) အဲ့ဒါ ကျွန်တော့် ကားမဟုတ်ပါဘူး။ အခြားသူရဲ့ ကားပါ။ (ရယ်မောသံများ) ကိုယ်က သူဌေးမို့လို့
ဒီလိုကားမျိုး ဝယ်နိုင်လား။ လုံးဝ….မဟုတ်ဘူး မဟုတ်လား။ တစ်ယောက်ယောက်က ကြိုးစားအားထုတ်ပြီး
ဖန်တီးပေးလိုက်တဲ့ အဲဒီကားကို ကျွန်တော်တို့ ငွေပေးချေပြီး ဝယ်နိုင်ပါတယ်။ ပိုကောင်းတဲ့ ပစ္စည်းတွေထုတ်ရန် အားသွန်ခွန်စိုက် သုတေသနတွေလုပ်ပြီး
ကြိုးစားသူတွေ ရှိနေလို့ ကျွန်တော်တို့အား ရောင်းနိုင်လို့
ကျွန်တော်တို့ ဝယ်ယူနိုင်တာပါ။ တကယ်တော့ ငွေဟာ အရေးမကြီးပါ။ ငွေစိုက်ထုတ်ရန် လိုတဲ့ စိတ်ကူးအိပ်မက်၊ ငွေမရှိရင် ဖြစ်မလာနိုင်တဲ့ စိတ်ကူး
အိပ်မက်ဆိုတာဟာ တကယ်တော့၊ တစ်ယောက်ယောက်က
ကမ်းလှမ်းတဲ့ ဝန်ဆောင်မှုမျှသာပါ။ ကိုယ် အိပ်မက်လာခဲ့တာက အဲဒါပါပဲ။ ပြီးတော့၊ တစ်ခုခု ကိုယ်ဘာသာ မလုပ်နိုင်ရင်
သူများ လုပ်ပေးမှာကို စောင့်ရတယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့ဟာ
နေထိုင်ဖို့ ငွေတွေ တိုးတိုး လိုတယ်။ ကောင်းပြီ၊ ကိုယ်က
အဲဒါကို စီမံနိုင်ပြီ ဆိုပါစို့။ ကိုယ် လုပ်နိုင်တာ များလေလေ၊ သူများကို တိုးတိုး ကူညီပေးနိုင်လေပါ။ ကိုယ့်အလုပ်က အဲဒါ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ အသက်ရှင် နေရခြင်းအတွက်
အရေးကြီးတဲ့ အချက်က အရင်တုန်းက မလုပ်နိုင်ခဲ့တာတွေကို
နောက်ဆုံးမှာ လုပ်နိုင်ခြင်းပဲလို့ ထင်တယ်။ အဲဒါဟာ ကျွန်တော်တို့ အတွက်
အံ့အားသင့်စရာ ဖြစ်နိုင်ပါတယ်။ “အခု မလုပ်နိုင်သေးတာကို
လုပ်ဖို့ အားထုတ်မှု ကမှ စိတ်ကူးအိပ်မက် ဖြစ်တယ်လို့
ကျွန်တော် ယုံကြည်တယ်။” ကိုယ် သိပ်မက်မောတဲ့ အရာတွေကို
လိုက်လုပ်ရန် ကျွန်တော် ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့၊ ကျွန်တော့် ဝန်းကျင်က ဘယ်သူမှ
သူငယ်ချင်းတွေ၊ ဆရာတွေနဲ့ မိဘတွေတောင် ကျွန်တော့ကို နားမလည်ခဲ့ကြပါ။ “ဒါတွေလုပ်လို့ရမှာ မင်းသေချာရဲ့လား။” ”အဲဒါ အဓိပ္ပါယ် မရှိဘူး၊ မဟုတ်လား။” ”မင်းက ကြွားချင်တာလား။”
အပြောခံခဲ့ရတယ်။ ကျွန်တော် အထီးကျန် ဖြစ်လာခဲ့ပါတယ်။ ကိုယ်ကြိုက်တဲ့အကြောင်းကို သူများကို
ပြောမပြနိုင်ခဲ့ပါ။ ဒါပေမဲ့၊ ကျွန်တော့်ကို ကူညီပေးခဲ့သူတွေ
ရှိခဲ့ကြပါတယ်။ စာအုပ်ထဲက ပုဂ္ဂိုလ်တွေပါ။ Wright ညီအကိုများ နဲ့ Edison တို့ပါ။ ကျွန်တော့လိုပဲ သူတို့ကိုလည်း
ဘယ်သူမှ နားမလည်ခဲ့ကြပါ၊ သူတို့ကို ကူပေးခဲ့သူ ဘယ်သူမှာမှ မရှိခဲ့ပါ။ ဒါပေမဲ့၊ သူတို့ဟာ အစွမ်းကုန်
ကြိုးစားနေခဲ့ကြပါတယ်။ အဲဒီလို ပုဂ္ဂိုလ်ကြီးတွေက
ကျွန်တော့်ကို ကူညီပေးခဲ့ကြတယ်။ ဒါ့ကြောင့် ကျွန်တော် လက်မလျှော့ခဲ့ပါ။ ကျွန်တော်ဟာ ကိုယ်ကြိုက်တာကို ပိုပို
နှစ်သက်လာလို့၊ ကျွန်တော့ ကျွမ်းကျင်မှုတွေ တိုးလာခဲ့တယ်။ ကျွန်တော်ဟာ စက္ကူပုံညှပ်တာ ကျွမ်းပါတယ်။ ကျွမ်းကျင်မှု တိုးတက်အောင် ကြိုးစားရင်း
အရာတွေ အများကြီး လုပ်တတ်လာတယ်။ ပစ္စည်းတွေ ထုတ်လုပ်လာနိုင်ပါတယ်။ ပစ္စည်းတွေ ပြန်သုံးရန် လျှပ်စစ်သံလိုက်
ထုတ်မယ့် ကိုယ်ပိုင် ကုမ္ပဏီထောင်ခဲ့တယ်။ အဲတော့၊ ကျွန်တော်ဟာ
ကုမ္ပဏီကို စီမံခန့်ခွဲရတော့တယ်။ ကျွန်တော့်ဘဝမှာ ပထမဦးဆုံး အကြိမ်
လုပ်ခဲ့ပေမဲ့ အံ့ဖွယ် အောင်မြင်ခဲ့တယ်။ (ရယ်မောသံများ) (လက်ခုပ်သံများ) ကျွန်တော်တို့ရဲ့ နှစ်စဉ် ရောင်းချမှုဟာ
ဆယ်ဆ တိုးလာခဲ့တယ်။ ကျွန်တော်ဟာ ဘဝင်ကြီးလာခဲ့ရာ
ခွက်ခွက်လန်အောင် ရှုံးတော့တာပါပဲ။ (ရယ်မောသံများ) ကျွန်တော် ယန်း သန်း၂၀၀
အကြွေး တင်သွားပါတယ်။ အဲဒါ ကျွန်တော့်ရဲ့ အပြစ်လို့ ထင်တယ်။ ကျွန်တော်ဟာ အရာရာတိုင်းကို
ကိုယ့်ဘာသာကိုယ် စီမံရန် ကြံခဲ့တယ်။ စိုးရိမ်စရာတွေ တစ်ယောက်တည်း ဖြေရှင်းရင်း
ကိုယ့်ကို အပြစ်တင်မိတယ်။ အဲဒီနောက်၊ ဂျပန် တစ်နိုင်ငံလုံးမှာ
ကိုယ်တိုင် လိုက်ရောင်းခဲ့ရာ စိတ်ညစ်စရာကြီး ဖြစ်ခဲ့ပါတယ်။ အဲဒါနဲ့ လေယာဉ်စီးတိုင်း လေယာဉ် ပျက်ကျပါစေလို့
ဆုတောင်းနေခဲ့တတ်တယ်။ ဒါပေမယ့် လေယာဉ်ဟာ
ဘယ်တော့မှ ပျက်မကျခဲ့ပါဘူး။ ဒီလိုနဲ့ ကျွန်တော်ဟာ ကြမ်းတမ်းသူ
ရက်စက်သူ ဖြစ်လာပါတယ်။ ပြိုင်ဘက်တွေကို ညှာတာခြင်းမရှိဘဲ
ထိုးနှက်နိုင်သူ ဖြစ်လာတယ်။ အဲဒီပြိုင်ဖက်တွေရဲ့ မိသားစုတွေ အကြောင်းကို
နည်းနည်းမှ မစဉ်းစားခဲ့တာ အမှန်ပဲ။ ဝင်ငွေတွေ တိုးလာလို့ ဘဏ်ဝန်ထမ်းက
ကျွန်တော့်ကို ချီးမွမ်းခဲ့တယ်။ ဒါပေမဲ့၊ ကျွန်တော့် တွေးထင်ပုံက
လုံးဝ ပုံမှန် မဟုတ်တော့ ဘယ်သူ့ကိုမှ မယုံကြည်နိုင်ခဲ့ပါ။ တစ်ယောက်တည်း လုပ်နေခဲ့ရတယ်။ ကျွန်တော်ဟာ အရာအားလုံးကို
ယထာဘူတကျကျပဲ တွေးပါတော့တယ်။ ကိုယ့်အတွက် အရေးကြီးဆုံးတွေ အားလုံးကို စွန့်ပစ်လိုက်တော့မယ်လို့တောင်
စဉ်းစားမိခဲ့တယ်။ အဲ့ဒီအချိန်တုန်းက ကျွန်တော့်
ကုမ္ပဏီရဲ့ အခြေအနေက သိပ်ကို မလွယ်ခဲ့ရာ၊ ဂျပန် တစ်နိုင်ငံလုံးမှ လူအမျိုးမျိုးတို့က ကျွန်တော့ကို
အကြံဉာဏ် ပေးလာကြတယ်။ “Junior Chamber International
အသင်းကို ဝင်ကြည့်ပါလား။ အမြတ်တွေ တိုးလာမယ်။” ဆိုခဲ့ကြတယ်။ ကျွန်တော်လည်း မရိုးမသားစိတ်နဲ့
အသင်းဝင်ခဲ့ပါတယ်။ (ရယ်မောသံများ) ဒါပေမဲ့ အမြတ်တော့ ထွက်မလာခဲ့ဘူး။ (ရယ်မောသံများ) ဒါပေမဲ့၊ အဲ့ဒီမှာ ကျွန်တော် အံ့ဖွယ်
လူသစ်တွေနဲ့ တွေ့ကြုံခွင့် ရခဲ့တယ်။ ကျွန်တော်ဟာ သူတို့နဲ့ မိတ်ဆွေဖွဲ့ခဲ့ပါတယ်။ မိတ်ဆွေ တစ်ယောက်က ကျွန်တော့်ကို
ကလေးတွေ မွေးစားထားတဲ့ အိမ်မှာ စေတနာ့ဝန်ထမ်း ကူပေးရန် အဆိုပြုလာတယ်။ ရိုးရိုးသားသား ကြိုးစားပြင်ဆင်ပြီး
အဲဒီကို သွားခဲ့ရာ ကလေးတွေဟာ မိဘတွေရဲ့ အလွဲသုံးစားမှုကို
ခံခဲ့ရဖူးသူတွေ ဖြစ်နေခဲ့ကြတယ်။ အစပိုင်းတွင် တစ်ယောက်မှာမှ
ကျွန်တော်နားကို မလာခဲ့ကြပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကလေးတွေနဲ့
ခင်မင်ရန် ကြိုးစားခဲ့လို့ ပြန်မယ်လုပ်တော့
“မပြန်ပါနဲ့” လို့ဆိုလာကြတယ်။ သူတို့ဟာ ကျွန်တော်တို့နဲ့
စကားပြောချင် လာကြတယ်။ ကျွန်တော်က မိတ်ဆွေနဲ့ ပြန်တော့ “ဒို့လုပ်လိုက်တာ ကောင်းမှု တစ်ခုပဲ။ တစ်ခုခု သောက်ကြရအောင်” ပြောမိတယ်။ ချာတိတ် တစ်ယောက်က
သူ့အိပ်မက်ကို ပြောပြခဲ့တယ်။ အဲဒါက မိဘတွေနဲ့ အတူတူပြန်နေနိုင်ဖို့ပါ။ ကျွန်တော် အဲဒါကို မယုံနိုင်ခဲ့ပါ။ ကိုယ့်ကို ဒီလိုရက်စက်ခဲ့တဲ့ မိဘကို
ဘာလို့ ချစ်နေတုန်းလဲလို့ တွေးမိတယ်။ ကျွန်တော်သာဆိုရင် ကောင်းတာကို
ဘယ်လိုမှ စဉ်းစားနိုင်ခဲ့မှာ မဟုတ်ဘူး။ ကျွန်တော်က ငွေတွေလှူလှူ၊ ဒီကလေးကို အိမ်ခေါ်ပြီး မွေးစားမွေးစား၊ အဲဒါက ဘာကိုမှ ဖြေရှင်းမပေးနိုင်တော့ပါ။ အကြောင်းရင်းက သူက သူ့မိဘတွေကို
ချစ်နေတုန်း မို့လို့ပါ။ ဘာလို့ အဲဒီလို ဖြစ်နိုင်တာလဲ တွေးမိပါတယ်။ နောက်ပြီး ကျွန်တော်ကရော ဘာဖြစ်လို့ တဖက်သားကို ဖိနှိပ်ပြီး လုပ်ရတဲ့အထိ
ငွေရှာနေမိပါလိမ့်လို့ တွေးမိလာပါတယ်။ အရာအားလုံးရှုပ်ထွေးပြီး
နားမလည် ဖြစ်မိလာပါတယ်။ ခေါင်းထဲမယ် ချာချာလည်နေတယ်။ အဲ့ဒီအချိန်မှာ မေ့နေခဲ့တဲ့ အကြောင်းအရာတွေ
ပြန်ပေါ်လာကြတယ်။ ကျွန်တော် မူလတန်း တက်တဲ့အချိန်မှာ အတန်းပိုင်ဆရာက ကျွန်တော့်ကို
တော်တော်လေး မုန်းခဲ့ပါတယ်။ ကျွန်တော် ယုံကြည်ခဲ့တာရော
အဖွားသင်ပေးခဲ့တဲ့စကားပါ၊ အားလုံး ငြင်းပယ်တာ ခံခဲ့ရပါတယ်။ “မင်းလိုကောင်မျိုး
ဘာလုပ်လုပ် မဖြစ်နိုင်ဘူး” ကျွန်တော့် စိတ်ကူးအိပ်မက်ဟာ အကြိမ်ကြိမ် ပယ်ချခံခဲ့ရပါတယ်။ အဖိုးက သပ်ပေးခဲ့တဲ့ ကျွန်တော့်ခေါင်းဟာ ဆရာရဲ့ ခေါက်တာကို အတော်လေးကို ခံခဲ့ရပါတယ်။ ကျွန်တော် တော်တော်လေး ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ ကူညီပေးမယ့်
လူကြီးသူမရယ်လို့ မရှိခဲ့ပါဘူး။ အဲ့ဒီဆရာ ပြောခဲ့တဲ့စကားကို
ကျွန်တော် မမေ့နိုင်ပါဘူး။ ဆရာက “ဘာလုပ်လုပ် မဖြစ်နိုင်ဘူး”
ဆိုတဲ့စကားကို တော်တော် ပြောခဲ့ပါတယ်။ အဲဒီစကားဟာ တော်တော်ကြောက်စရာ
ကောင်းပါလားလို့ တွေးမိပါတယ်။ လူတွေရဲ့ယုံကြည်မှုနဲ့ ဖြစ်နိုင်စွမ်းကို
လုယူနိုင်တဲ့ အဆိုးဝါးဆုံးစကားပါပဲ။ ပြောဖို့တော့ သိပ်ကိုလွယ်တဲ့ စကားပါပဲ။ ပြောခံရတာနဲ့ ဘာမှ ဆက်လုပ်မရတော့တာမို့ ပြောရလွယ်သလောက် ကြောက်ဖို့ကောင်းတဲ့
စကားလုံး ဖြစ်ပါတယ်။ အဲ့ဒီလို အပြောခံရပြီး အနာဂါတ်ကို
လက်လျှော့ခိုင်းခံရသူများဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု
ပျောက်ဆုံးသွားရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူဟာ အသက်ရှင်နေသရွေ့ ကိုယ့်ကိုယ်ကို ယုံကြည်ဖို့
သိပ်လိုအပ်ပါတယ်။ ဒါကြောင့် ယုံကြည်မှုမဲ့သူတွေဟာ ငွေနဲ့ ယုံကြည်မှုကို ဝယ်ယူကြပါတယ်။ မိမိကိုယ်မှာဆင်ကြပါတယ်၊ ပြီးတော့ အဲ့ဒါနဲ့ပဲ မာန်တွေ တက်လာကြပြီး တပါးသူကို နှိမ့်ချဆက်ဆံတတ်လာကြတယ်။ သူများက ကိုယ့်ထက်သာသွားမှာကို စိုးတော့ သူများ ကြိုးစားနေတာကို
နှောင့်ယှက်တတ်ကြပါသေးတယ်။ အဲ့ဒီလိုလူစားမျိုးတွေဟာ ကျွန်တော်တို့ အားလုံးရဲ့
အနီးအနားမှာ ရှိနေကြတတ်တယ်။ ဒါပေမဲ့ အဲလိုလူမျိုးတွေဟာ ယုံကြည်ချက်မဲ့ သနားစရာ လူတွေဖြစ်ပါတယ်။ ကိုယ့်ယုံကြည်မှုကို ကာကွယ်ဖို့အတွက် သူများရဲ့ ယုံကြည်ချက်တွေကို
လုယူကြတာ ဖြစ်ချင်ဖြစ်မယ်။ နောက်ပြီး ကျွန်တော့်ကုမ္ပဏီကို အာဖရိကမှ
လူတွေ ရောက်လာခဲ့ကြတယ်။ ကျွန်တော်ပြောတာကို နားထောင်ပြီးတဲ့
နောက်မှာ အခုလိုပြောပါတယ်။ အခု အာဖရိကမှာ “ငါဟာ စာသင်လို့လည်း အလကားပဲ။ ကြိုးစား လည်းအလကားပဲ” ဆိုပြီး ကိုယ့်အနာဂတ်ကို၊ ဖြစ်နိုင်စွမ်းကို
လက်လျှော့ပစ်ကြသူတွေဟာ နောက်ဆုံးတော့ လူ့အသက်ကိုသတ်ပြီး
လုယူကြသူတွေ ဖြစ်ကုန်ကြတယ်။ ဘာ့ကြောင့်လဲဆို မကြိုးစားနိုင်ကြ၊ ကိုယ့်အစွမ်းအစကို မထုတ်နိုင်ကြတော့ လုယူရုံအပြင် မလုပ်နိုင်ကြတော့လို့ပါ။ အကြမ်းဖက်နည်းတွေနဲ့လည်း
ရယူကြပါသေးတယ်။ အဲ့ဒီအပြင် လိမ်ပြောတာ၊ မလုပ်တတ်ချင် ယောင်ဆောင်တာ၊ လှည့်ပတ်
ပြောတာတွေနဲ့လည်း ရယူကြပါသေးတယ်။ အားလုံး ဒီလိုချည်းသာဆို ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းထဲမှာ
အမှန်တရားဆိုတာ ဘယ်ရှိနိုင်မလဲ။ “မင်း ဘာလုပ်လုပ် မဖြစ်နိုင်ဘူး” စကားရဲ့
အန္တရာယ်ကို ကျွန်တော် သိခွင့်ရခဲ့ပါတယ်။ ဒီစကားကို လူတွေက
အစကမသိ၊ နားမလည်ခဲ့ကြပါဘူး။ ဘယ်အချိန်မှာ ဒီစကားကို မှတ်မိသိရှိသွားလဲ
ဆိုတာကို စဉ်းစားမိပါတယ်။ အဲ့ဒီအခါ အာကာသကြောင့်များ
ဖြစ်နေမလားလို့ စဉ်းစားမိပါတယ်။ အာကာသကြီးဟာ အင်မတန် လှပပါတယ်။ ဒါ့ကြောင့် လူတိုင်းလိုလို ငယ်ရွယ်စဉ်မှာ
အံ့ဩနှစ်ခြိုက်ခဲ့မှာ အမှန်ပါပဲ။ ဒါပေမဲ့၊ လူတိုင်း အာကာသနဲ့ပတ်သက်ပြီး
တီထွင်ဖန်တီးနိုင်မယ်လို့ တွေးဖူးကြပါသလား။ အာကာသဆိုတာ တော်ရုံဉာဏ်ကောင်းရုံနဲ့မရ၊ ငွေကလည်း သောက်သောက်လဲ
ကုန်မှာကို တွေးမိကြပါသလား။ နိုင်ငံတော်က လုပ်ရမယ့် အလုပ်လို့
တွေးမိကြတယ် မဟုတ်လား။ အဲ့ဒါကို ဘယ်သူတွေ ပြောပြလို့ သိလာရလဲ။ ဒီအချက်ကို သင်ပေးကြသူတွေကတော့ ကိုယ်တိုင် မလုပ်ဖူးတဲ့ သူတွေပဲဖြစ်ပါတယ်။ မလုပ်ဖူးသေးသူတွေက မလုပ်ရခြင်းကို အကြောင်းပြချက်ရှာပြီး
လျှောက်ပြောရာက စခဲ့တာပါပဲ။ ကျွန်တော်တို့ဟာ ဘာလုပ်ရမှန်း
မသိဖြစ်လာရပါတယ်။ ဘာကိုလုပ်နိုင်တယ် ဆိုတာလည်း မသိခဲ့ကြပါ။ အဲ့ဒါကြောင့်“မင်းဘာလုပ်လုပ် မဖြစ်နိုင်ဘူး”
ဆိုတာကို ချေပဖို့ တွေးမိခဲ့ပါတယ်။ ဒီစကားသာမရှိရင် အနိုင်ကျင့် အကြမ်းဖက်မှု၊
စစ်ပွဲတွေ ပျောက်သွားကြမယ် ထင်တယ်။ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုတွေ
ပျောက်ကွယ်သွားမယ် ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ လူတိုင်းက “မင်းဘာလုပ်လုပ် မဖြစ်နိုင်ဘူး”
လို့ ပြောခဲ့ကြတဲ့ အာကာသနဲ့ဆိုင်တဲ့ တီထွင်မှုကို
လုပ်ကြည့်ဖို့ စဉ်းစားခဲ့တာပါ။ ဒါပေမဲ့၊ ကျွန်တော်ဟာ
ဒုံးပျံဟာ အန္တရာယ်ရှိမှန်း သိလို့ မထုတ်လုပ်ခဲ့ဘဲ လက်လျှော့ခဲ့ပါတယ်။ ဒါပေမဲ့၊ ဘုရားသခင်က မနေပါဘူး။ ဟော့ကိုင်းဒိုး တက္ကသိုလ်မှ ပါမောက္ခဆရာ
Nakataနဲ့ ဆုံတွေ့စေခဲ့ပါတယ်။ ကံကောင်းချင်တော့ သူက အန္တရာယ်ကင်းတဲ့
ဒုံးပျံကို သုတေသနလုပ်နေပြီး ပိုက်ဆံမရှိတော့လို့ သုတေသနအလုပ်ကို
လက်လျှော့တော့မလို ဖြစ်နေခဲ့တာပါ။ ကျွန်တော့်မှာလည်း ပိုက်ဆံတော့မရှိခဲ့ပေမဲ့
ပစ္စည်းတွေကို တီထွင်နိုင်ပါတယ်။ အဲ့ဒီလို လူနှစ်ယောက် ဆုံမိကြတာပါပဲ။ အဲ့ဒီအချိန်ကစလို့ လူတွေ တွေ့ဆုံခြင်းဟာ
အဓိပ္ပါယ်ရှိတာ နားလည်လာတယ်။ ဘုရားသခင်က ဒီလူနဲ့ဒီလူ တွေ့ဖြစ်အောင် စီမံဆောင်ရွက် ပေးလိုက်တာပါ။ ဒီနေ့မှာ ခင်ဗျားတို့နဲ့ ဆုံတွေ့ရတာဟာလည်း ဘုရားသခင်မှ တွေ့ဆုံကြဖို့ အချိန်တန်ပြီ ဆိုပြီး တွေ့ဆုံစေခဲ့တာလို့ ထင်ပါတယ်။ ကျွန်တော်နဲ့ ဆရာ Nakata တို့
အချင်းချင်း ကူညီခဲ့ကြပါတယ်။ ဘာ့ကြောင့်လဲဆို နှစ်ယောက်စလုံးမှာ
လိုအပ်ချက်တွေ ရှိနေခဲ့လို့ပါပဲ။ တကယ်တော့ လူတွေဟာ မပြည့်စုံကြလို့သာ
အပြန်အလှန် ဖေးမကူညီကြတာပါ။ ပြည့်စုံနေရင် သူများဆီက အကူအညီ
လိုကြမှာ မဟုတ်ဘူးလေ။ မပြည့်စုံကြလို့သာ အချင်းချင်း
ဖေးမကူညီ နိုင်ကြတာပါ။ ဒါကြောင့်မို့ မပြည့်စုံမှုဟာ
အသုံးမကျဘူး မထင်ပါနဲ့။ မပြည့်စုံမှုဟာ ရှက်စရာလည်း မဟုတ်ပါ။ အရေးကြီးတာက “ငါ ဘာလုပ်လုပ် တဝက်တပျက်ပါလား”လို့ ကိုယ့်ကိုယ်ကို အပြစ်မတင်ရန်ပါပဲ။ တကယ်တော့ “တဝက်တပျက်” လုပ်တာဟာ ဘာမှမလုပ်တာ၊ မလုပ်နိုင်တာနဲ့စာရင်
တော်ပါသေးတယ်။ နည်းနည်းလုပ်လို့ ရနေသေးတာကမှ
တော်ပါသေးတယ်။ ဒီတော့ ကိုယ့်ကိုယ်ကို အပြစ်မတင်ဘဲ၊ ကိုယ့်ကိုကိုယ် မကောင်းတဲ့
အနှုတ်လက္ခဏာ အဖြစ် မမြင်ဘဲ ကိုယ်လုပ်နိုင်တာကို
အားသွန်ခွန်စိုက် လုပ်သင့်ပါတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်တို့နှစ်ယောက်
အချင်းချင်း ရိုင်းပင်းပြီး အခုဆိုရင် အာကာသ
တီထွင်မှုကို လုပ်နိုင်ခဲ့ကြပါပြီ။ သုတေသီများက သုတေသနတွေလုပ်ဖို့၊ လက်တွေ့
စမ်းသပ်ဖို့ ကျွန်တော့်ကုမ္ပဏီထံ လာကြတယ်။ အခုဆို တစ်နှစ်မှာ ကလေး တစ်သောင်းကျော် လေ့လာရေးခရီးအဖြစ် ကျွန်တော့်ကုမ္ပဏီကို
လာလေ့လာခဲ့ကြတယ်။ အရိုးသားဆုံးပြောရရင် ကုမ္ပဏီမှာ
ဝန်ထမ်း ၁၇ ယောက်ပဲ ရှိပါတယ်။ (ရယ်မောသံများ) အဲဒါ နည်းနည်းလေး ပင်ပန်းပါတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံး အများဆုံး ကလေးတွေ သူတို့ရဲ့ အခွင့်အလမ်းတွေ လုယူမခံရမှာကို
ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော့ ယုံကြည်ချက်က “ဘာလုပ်လုပ် မဖြစ်နိုင်ဘူး” ဆိုတာဖျောက်ဖျက်
နိုင်ရင် လူ့အဖွဲ့အစည်း ပိုကောင်းလာမယ်။ ဒါပေမဲ့ ကျွန်တော် တစ်ယောက်တည်း
လုပ်ရင် ကန့်သတ်ချက် ရှိနေလို့၊ အတတ်နိုင်ဆုံး၊ မိတ်ဆွေတွေ လိုအပ်ပါတယ်။ ဒီလို အိပ်မက်ကို ကျွန်တော် တသက်တာမှာ
ရုပ်လုံးဖေါ် ရချင်မှရမှာပါ။ ဒါ့ကြောင့်လည်း အားလုံးရဲ့ အကူအညီကို
ရယူချင်ပါတယ်။ အားလုံးက ဒီနေ့ကစပြီး “ဘာလုပ်လုပ် မဖြစ်နိုင်ဘူး” အပြောခံရရင် "ဒီလိုလေး လုပ်ကြည့်ပါလား"
ဆိုပြီး ပြောပေးဖို့ပါပဲ။ အဲဒီလို ပြောပေးရုံနဲ့ပဲ “ဘာလုပ်လုပ်
မဖြစ်နိုင်ဘူး” စကားက ပျောက်သွားပြီး အနိုင်ကျင့် အကြမ်းဖက်တာတွေ
ဒီလောကမှ ပျောက်ကွယ်သွားကြမှာပါ။ အားလုံး ဝိုင်းကူညီပေးကြစေလိုပါတယ်။ လက်ရှိ ပညာရေး စနစ်
အကြောင်းကို စဉ်းစားကြပါ။ ကျွန်တော်တို့ဟာ ပညာကို
ကြိုးစားစည်းပူးကြတယ်။ ပညာရေးဟာ အမှတ်တွေ ရယူပြီး အတန်းတွေ
တစ်ခုပြီးတစ်ခု အောင်ဖို့ အတွက်လား။ အဲဒါဟာ လုံးဝမှားပါတယ်။ ပညာရေး ဆိုတာကို လူသားတွေ ဖန်တီးခဲ့ကြတာက လူမှုရေးပြဿနာတွေကို ဖြေရှင်းဖို့အတွက်ပါ။ အသည်းအသန် အားထုတ်
တည်ဆောက်ခဲ့ကြတဲ့ အရာပါ။ ဒါဆို ပညာရေးဆိုတာ ဘာများလဲ။ ပညာရေးဆိုတာက အမှားတွေ ဒါမှမဟုတ် တာဝန်တွေကို
ရှောင်ရှားနိုင်အောင်၊ ပါးနပ်စွာ နေတတ်ဖို့ နည်းလမ်းတွေ သင်ပေးဖို့ အတွက်လား။ အဲဒါ လုံးဝမှားပါတယ်။ ပညာရေးဆိုတာ အသက်အတွက် အန္တရာယ်
မရှိနိုင်တဲ့ အမှားတွေကို လုံခြုံစွာ စမ်းသပ်လုပ်ကြည့်ရန်
ကလေးတွေကို ခွင့်ပြုခြင်းပါ။ ဒါပေမဲ့ အခုတော့ လုံးဝကို
တလွဲတချော် ပုံစံမျိုး ဖြစ်လာတယ်။ အဲဒီလို ဖြစ်လာခဲ့ရတာက အမှားဆိုတာ မကောင်းဘူးလို့
ယူဆကြတဲ့ လူကြီးတွေ အများကြီးရှိကြလို့ပါ။ အဲ့ဒီသူတွေက ကျွန်တော်တို့ရဲ့ လုပ်နိုင်
စွမ်းတွေနဲ့ ယုံကြည်မှုကို လုယူခဲ့ကြလိုပါ။ ဒါပေမဲ့ အားလုံး ပြန်ကောင်းလာမှာပါ။ ဒီအချိန်ကစပြီး ဂျပန်နဲ့ တကမ္ဘာလုံးကို
ပိုကောင်းအောင် လုပ်ဖို့ဆိုရင်၊ မလုပ်ဖူးသေးတာကို အားထုတ်ကြိုးပမ်း
လုပ်ကိုင်ချင်တဲ့လူတွေ၊ လက်မလျှော့ဘဲ မိမိလိုချင်တာကို အခြားနည်းလမ်းဖြင့် ကြံဆနိုင်တဲ့
လူတွေများလာရင် ဖြစ်လာမှာပါ။ “ဘာလိုလုပ်လုပ် မဖြစ်နိုင်ဘူး”ကို
အရှုံးမပေးတဲ့လူတွေ များလာဖို့ လိုပါတယ်။ အဲလို့ဆိုရင် အဲဒီလိုလူတွေက ဘယ်သူတွေလဲ။ ခင်ဗျားတို့ထဲက လူတိုင်းပါပဲ။ လူတိုင်းလူတိုင်းဟာ အဲလိုလူမျိုးပါပဲ။ ကျွန်တော်တို့ လူသားတိုင်းဟာ
ကလေးဘဝကို သေချာပေါက် ဖြတ်သန်းခဲ့ရလို့ပါ။ ခင်ဗျားတို့ရဲ့ ကလေးဘဝကို
ပြန်တွေးကြည့်ကြပါ။ ငယ်ငယ်တုန်းက ခလုတ်မြင်ရင် နှိပ်ကြည့်ချင်တယ်။ လက်ကိုင်မြင်ရင် လှည့်ကြည့်ချင်တယ်။ “အဲဒါကို ရပ်ပစ်စမ်း” ဆိုပြီး
စိတ်အတို ခံခဲ့ရဖူးကြတာပဲ။ အမှန်တော့ မွေးလာချိန်မှာ လက်လျှော့မှု
ဆိုတာကို ကျွန်တော်တို့ မသိခဲ့ကြပါ။ ကျွန်တော်တို့ မွေးလာစဉ် လက်လျှော့ရမှု
ဆိုတာကို မသိခဲ့ကြပါ။ အခုတော့ လက်လျှော့ရပုံကို
နည်းနည်းလေး တတ်ချင်တတ်လာကြပါပြီ။ ကျွန်တော်တို့ အားလုံ ကိုယ့်ယုံကြည်မှုကို ပြန်ရယူနိုင်ဖို့ သေချာတဲ့ အရမ်းကိုကောင်းတဲ့
နည်းလမ်းတစ်နည်းပဲ ရှိပါတယ်။ ကိုယ် မလုပ်ခဲ့ဖူးသေးတာကို
စမ်းလုပ်ကြည့်ဖို့ပဲ ဖြစ်ပါတယ်။ ကိုယ် မလုပ်ခဲ့ဖူးတာကို
စမ်းလုပ်ကြည့်ခြင်းဖြင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု
အနည်းအကျဉ်း ပြန်ရစေမှာပါ။ ဒီတော့၊ အဲဒါကို စမ်းလုပ်ကြည့်ကြရန်
တိုက်တွန်းချင်ပါတယ်။ အသစ်အဆန်းကို လုပ်ရင်
အမှားဆိုတာကတော့ ရှိမှာပါပဲ။ ကျွန်တော့် အတွေ့အကြုံ
လက်ရှိ ဒီဗွီဒီယိုကို ကြည့်ကြည့်ပါ။ ဒုံးပျံက လှပစွာ တက်သွားပါတယ်။ မဟုတ်ဘူး၊ ပျံတက်မသွားခဲ့ပါ။ အောက်ကို ထိုးကျသွားခဲ့တာပါ။ (ရယ်မောသံများ) ဘယ်လိုလုပ်ကြရင် ကောင်းမလဲ။ Controller ကိုပစ်ချပြီး ထွက်ပြေးဖို့ပါပဲ။ (ရယ်မောသံများ) ဒီခေတ်မှာ ဒီလိုပြေးနိုင်သူမျိုး
ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။ ဒီဗွီဒီယိုက ပြလိုက်တာက ကိုယ်ဟာ
အန္တရာယ်ရှိတာကို ခံစားရရင် ထွက်ပြေးခြင်းဟာ အိုကေပဲ ဆိုတာကိုပါ။ (ရယ်မောသံများ) (လက်ခုပ်သံများ) ကျွန်တော့် အတွေ့အကြုံအရ ရိုးသား၊ ကြင်နာ၊ တာဝန်ယူလိုစိတ် ရှိသူတွေ
မျှော်လင့်ရတာထက် စောသေကြတာများပါတယ်။ သူတို့ကို မသေစေချင်ပါဘူး။ လူတိုင်းကို အသက်ရှည်စေချင်ပါတယ်။ ဒါ့ကြောင့် မဟန်ဘူးလို့ ထင်ရင် အန္တရာယ်ထံမှ ထွက်ပြေးတာဟာ
သိပ်ကို မှန်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလို မအောင်မြင်ခဲ့တဲ့ နောက်မှာ ထွက်ပြေးလက်လျှော့လိုက်တဲ့ နောက်မှာ ကိုယ့်ကိုယ်ကို အပြစ် မတင်ပါနဲ့။ စိတ်ဓါတ်မကျပါနဲ့။ အဲ့လိုလုပ်ဖို့ မလိုအပ်ပါဘူး။ အဲဒီအခြေအနေမျိုးတွင် ကိုယ့်စိတ်ထဲမှာ နာကျင်တာ၊ စိတ်မကောင်းတာ၊ ခံပြင်းတာ၊ ဝမ်းနည်းတာ၊
ရှက်တာမျိုး ခံစားရမှာပါ။ ပေါ်ထွက်လာကြမဲ့ ခံစားမှုတွေ
ကြောက်စရာ ကောင်းနိုင်တယ်။ အဲဒီလို ခံစားမှုမျိုးစုံကို
ခံစားနေရချိန်မှာ "ဒါဟာ ငါ ရင့်ကျက်လာနေခြင်းပါပဲ" ဆိုပြီး ပြောလိုက်ပါ။ အဲဒီလိုဆိုရင် အချို့သော အရာများကို
နောက်မှာ ချန်ထားနိုင်ခဲ့ပါ။ အတတ်နိုင်ဆုံး ခုနကလို
ပြောပေးဖို့ လိုပါတယ်။ ကျွန်တော်တို့ဟာ တစ်သက်နဲ့တစ်ကိုယ်စီပါ။ ဇာတ်တိုက်ခွင့်မရှိဘဲ ဘဝတစ်ခုကိုသာ
နေထိုင်ကြရပါတယ်။ ဒီတော့ ကျွန်တော်တို့
မွေးလာတာက ဘာအတွက်ပါလိမ့်။ အဲဒါကို အခုလို တွေးကြည့်ကြပါ။ အမှားဆိုတာ အောင်မြင်မှုဆီ သွားဖို့
လိုအပ်တဲ့လှေခါးထစ် ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ပြင်ဆင်ရခြင်းမရှိဘဲ
လုပ်ကိုင်နေရတော့ အမှားဟာ ဓမ္မတာပါပဲ။ အမှားတွေကို သင်ခန်းစာယူရန် အချက်အလက်များလို့ ခံယူပြီး
ကျော်လွှားရန် လိုပါတယ်။ ပြီးတော့ အကူအညီရယူဖို့ ဒါမှမဟုတ် လက်လျှော့ဖို့ အတွက် မွေးလာကြတာ မဟုတ်ပါ။ အဲလိုတွေလုပ်ဖို့ ကျွန်တော်တို့
မွေးလာကြတာမဟုတ်ပါ။ ကျွန်တော်တို့ဟာ ကမ္ဘာကြီးကိုကယ်တင်ဖို့
မွေးလာတာဖြစ်ပါတယ်။ ကမ္ဘာကြီးကို ကယ်တင်ဖို့ဆိုတာ လွယ်ပါတယ်။ ဒီကမ္ဘာထဲ ရှိနေကြတဲ့ လူတွေအားလုံးက ကိုယ့်ကိုကိုယ် အထင်သေးတဲ့
အတွေးမျိုးကို ရပ်လိုက်ရုံနဲ့ ကမ္ဘာကြီးဟာ ကယ်တင်ခံလိုက်ရမှာပါ။ ဒီနေ့ကို စတင်နိုင်တဲ့ ကမ္ဘာကြီးအား
ကယ်တင်နိုင်တဲ့ နည်းလမ်းက အဲဒီလိုရှိပါတယ်။ ဒီတော့ ကမ္ဘာကြီးအား
ကယ်တင်မှုကို စတင်ကြပါ။ “ငါဟာ အလကားပဲ…” လို့ မတွေးကြပါနဲ့။ ဒီနေ့ကစလို့ ရှေ့ဆက်ပြီး
ကျွန်တော်တို့ ဆက်လုပ်သွားရမှာက မလုပ်နိုင်တဲ့
အကြောင်းရင်းကို မရှာဖို့ပါပဲ။ အဲဒါ့အစား လုပ်နိုင်မဲ့ အကြောင်းရင်းကို
ရှာကြံဖို့ပဲဖြစ်ပါတယ်။ ဒီစည်းမျဉ်းကို လိုက်နာရုံနဲ့ ကမ္ဘာကြီးကို
ပိုကောင်းလာစေမှာပါ။ ကျွန်တော့် ဟောပြောချက်ကို
နိဂုံးချုပ်ပါတော့မယ်။ ကျွန်တော်ဟာ ကလေးဘဝကတည်းက လေယာဉ်နဲ့
ဒုံးပျံတွေကို ကြိုက်ခဲ့ပါတယ်။ မလုပ်ဖူးတဲ့ လူတွေက “မင်းရဲ့ အိပ်မက် ဖြစ်မ
လာနိုင်ဘူး” လို့ အကြိမ်ကြိမ် ပြောခဲ့ကြတယ်။ အမေက မျှော်လင့်ချက်က အိပ်မက်ကို
ဖိတ်ခေါ်တယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော် တချိန်လုံး မျှော်လင့်နေခဲ့လို့
အိပ်မက်တွေ လက်တွေ့ ဖြစ်လာနိုင်ခဲ့တယ်။ မျှော်လင့်ချက် အလျှော့မပေးရန်
အရေးကြီးပါတယ်။ နောက်ဆုံးအနေနဲ့ အိပ်မက်တွေ လက်တွေ့
ဖြစ်လာစေမယ့် စကားကို ပါးပါရစေ။ “အဲဒါ့အစား ဒီလိုလုပ်ကြည့်ရင် အိပ်မက်က
တကယ်ဖြစ်လာမယ်” ဆိုတဲ့ စကားပါပဲ။ ခင်ဗျားတို့ဟာ တစ်ဦးဦးနဲ့ မိမိရဲ့အိပ်မက် အကြောင်း
ပြောပြနေတာ စဉ်းစားကြည့်ပါ။ ထိုသူက “ဒါတော့ မဖြစ်နိုင်ဘူး…” ပြောလာရင် ကိုယ့်စိတ်မာန်တွေ လွင့်ပျောက်ကုန်ပါမယ်။ ဒါပေမဲ့ “ဒီလိုလေး လုပ်လိုက်ရင်ရော၊
အသုံးဝင်မယ့် စာအုပ်ကို တွေ့မိတယ်” “တီဗီမှာ မင်း အားကျမယ့်
အစီအစဉ် ပြခဲ့တယ်။” ပြောလာရင် ခင်ဗျားတို့ စိတ်တက်ကြွလာမှာပါ။ ပိုပြီး အားတက်စရာ ကောင်းမှာပါ။ ဒီတော့၊ တစ်ဦးဦးနဲ့ ကိုယ့်အိပ်မက်
အကြောင်း ပြောဆိုရာတွင် “ဒီလိုနည်းနဲ့ စမ်းလုပ်ကြည့်ပါလား”
အကြံပေးမယ်ဆိုရင် လူတိုင်းရဲ့ အိပ်မက်တွေ
အကောင်အထည် ပေါ်လာမှာပါ။ အားလုံး နာမည်ကြီးတွေ ဖြစ်လာကြလို့ သိပ် ကောင်းမှာပဲနော်။ ဒါ့ကြောင့် “ဒီလိုနည်းနဲ့
စမ်းလုပ်ကြည့်ပါလား” ဆိုတဲ့စကားကို တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့စေချင်ပါတယ်။ အဲ့ဒီလိုဆိုရင် “ဘာလုပ်လုပ် မဖြစ်နိုင်ဘူး”
ဆိုတာ ပျောက်သွားမှာမို့ “ဒီလိုနည်းနဲ့ စမ်းလုပ်ကြည့်ပါလား” ကို သုံးစွဲကြဖို့ တိုက်တွန်းချင်ပါတယ်။ အဲဒါဟာ ဒီနေ့ ဆုံတွေ့ပွဲရဲ့ အဓိပ္ပါယ်ပဲ ဖြစ်ချင် ဖြစ်ပါလိမ့်မယ်။ အားလုံး အပြန်အလှန် ဖေးမကူညီရင်း
ရှေ့ဆက်သွားချင်ပါတယ်။ ကျွန်တော်လည်း အတတ်နိုင်ဆုံး
ကြိုးစားပါ့မယ်။ ခင်ဗျားတို့နဲ့ အချိန်ကို တန်ဖိုးရှိစွာ
မျှဝေသုံးခဲ့တာမို့လို့ ကျွန်တော်တို့ရဲ့ ခင်မင်မှုဟာ
ကြာရှည်မယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ (လက်ခုပ်သံများ) ကျေးဇူးတင်ပါတယ်။

37 thoughts on “Hope invites | Tsutomu Uematsu | TEDxSapporo

  1. 前職場、家族の死全く希望、夢、努力が全くわかずに約1年が経っていてここ数日、せめて自分を立ち直らせるのに
    何故か言霊⁉️について考えさせられる中で、たまたまこの動画をとある人から見せられて…心の中で涙が出てきました、
    心にしみた講話でした。自分自身、仕事、全てに置き換えて考えれる言葉が聴けて心療内科、僧侶の説法よりもよい薬になりました。
    アップしてくれた方、本当にありがとうございます。

  2. このたった20分ちょっとの動画、時間

    学校で習わないとても大切なこと。

    もっと早く聞きたかったと思うけれど
    このタイミングで出会うべき動画だったんだなと思って

    これからチャレンジしてみます。
    貴重なお話ありがとうございます。

  3. お話の中で笑ったり涙したりし感動しました。
    私も学校の先生にお前なんかと言われたことのある生徒でした。自分の中では一生懸命やっていましたが自分の姿が認められず、それを情けないと思う時もあり、毎日毎日家に帰っては泣いてもう生きている意味なんてないのではないかと死を考えることもありました。
    ですが、私は幸運なことにこういう大人がいて良かったと思える大人に出会いました。
    その人たちは、SNSで自分の想いを熱く語ったり、来店したお客様だったり人に対して真っ正面から向き合う素敵な美容師さんでした。
    それがきっかけで美容師になろうと決心し、その為にはまずは専門学校に行くために高校卒業過程を取るぞという目標もでき、学校もその為だけを考えて行ってみようと思いました。
    そして先月、高校を卒業し、今月、美容学校に入学しました。
    美容学生の今の私の想いは、学生である自分も悩み苦しむ時があったように、大人になったら自分と同じように悩み苦しむ若い世代がいると思います。そんな若い世代の人たちが学校の先生や友達や親に悩みを打ち明けられなくても、そこに行けば向き合ってもらえて安心できるという居場所でありたいということです。
    また、これまでお世話になった周りの人々やこれから出逢う人々の夢や目標に背中を押せる人でありたいと思いました。
    私に大切なことを伝えてくれた大人を見て、私も誰かの力にになりたいと強く思いました。だから私はそんなふうに素敵な影響を与えてくれた人々の場所を消したくないと強く思うからOCEAN TOKYOで想いを繋ぎます。
    そして、人のために役に立つものをつくります。

  4. 夢を追う大切さが伝わります。
    どーせ無理

    この言葉は過去に捨てました!

  5. 5年も前の動画なんですね…
    Youtubeサーフィンしていて、とても良い動画に出会えました

  6. うえまつさんの人間臭さも混じった壮絶な人生経験に涙が出ました。
    自分もこれから人生波乱万丈だと思いますが、
    ただいま成長中!
    だったらこうしてみたら?
    悲しいときでもこれらの言葉を忘れずに、精一杯自分にできる事、本当にしたいことをやろうと思います。
    勇気もらえました、ありがとう

  7. どうせ無理と言ってた先生 まだ生きてたら 今どう思うだろう。どうせ無理は 殆どの人が言うな。私も子供や回りにどんだけ言ったろうか
    悔しいです。

  8. 何から言えばいいのか…
    どんな生き方をしたらこんな考え方ができるんだろう
    何か無理だって思ったらまたこの動画に戻ってこようって思いました
    この動画に出会えたことに感謝

  9. 道徳の授業でしました!
    とても泣きそうになりました。
    たくさんのことをこの動画から学びました
    ありがとうございます

  10. これ今日学校の授業で見せられました。
    めちゃくちゃ素敵だと思って、聞き返しにきました(*´ `*)*+.♡

  11. 僕は道徳の授業で植松さんを知りました。みんな、植松さんの容姿とかをバカにしたりしていました。正直、僕は容姿がどうのこうのとか、訛りがあるとかはどうでも良くて、こんなにも為になる話をして下さった、植松さんが素晴らしい方だと思いました。授業中に人目もはばからず、泣いてしまいました。なんか、同じ事をほかの先生に言われるより、経験を沢山積んで、間違えたり失敗して、それでも諦めずに次へ次へと考える植松さんの向上心、諦めない心、努力する大切さがあるからこそこんなにも心に響くんだろうなと感じました。長文失礼致しました。…日本語がおかしかったらすみません。

  12. ヨガの配信で紹介されていて
    エンジニアである北海道出身の夫と拝見しました。
    私は両親や姉から虐待を受け複雑性PTSD( C-PTSD)です。
    両親は教員で姉は自死しました。
    私はEMDRというトラウマ治療を受けていますが、
    高齢になった両親と住み毎日が葛藤です。
    動画を見終わり「間違ってなかった、、」と
    泣きながら夫と抱きしめ合いました。
    諦めなくて良かったと繰り返し映像を見ています。
    11回目の姉の命日2/11に偶然素晴らしいお話を伺えました。
    場違いな発言ですみません。
    どうもありがとうございました。

  13. 中学校の道徳の授業でこの動画に出会いました。出会わせてくれたのは、先生という名の神様が出会わせてくれました。
    中学校に入って航空整備士という職業を目指すようになりました。
    でも、この職業を目指していることは、担任の先生とお母さんしか知りません。言えないんです。女性があまり活躍していないこの職業なので、周りに否定されるのが怖くて言えなかったんです。でも、この植松さんの動画を見てから、少しこの職業を目指していることを誇りに思えるようになりました。
    この動画を初めて見たのは学校の授業でしたが、そんなこと関係なく思わず泣いてしまいました。
    この素敵なお話をしてくださった植松さん、この動画にで合してくれた担任の先生に感謝したいです。

    今でも、心が折れてしまった時や、夢を諦めそうになった時、この動画を見て泣いて、また明日から頑張ろうって思って日々過ごしています。

  14. 泣きました。
    深い言葉。ステキです。
    元気が出ました!!!
    ただいま成長中!頑張ります!
    ありがとうございます。

  15. 修学旅行で植松さんの話を聞かせて頂いて本当に良かったです!これから植松さんの話を励みにしてきたいです!ありがとうございました!

  16. 苦労した人ってのは、成功してても失敗しててもかっこいいと思う。
    このスピーチを見て自信を貰いました!

  17. たくさん泣きました。なぜこの動画で涙してる人がたくさんいるのか。同じ経験をしたからですよね。当たり前のように、もしかしたら善意のつもりで可能性を無しにし合っていることってあるかもしれないですね。気をつけなきゃ。あと、もう一回、自分のこと信じてみようって思いました。ありがとうございます。

Leave a Reply

Your email address will not be published. Required fields are marked *